Pattern , Password တွေဘာတွေမေ့သွားလို့  Factory Data Reset ချဖို့ အတွက်ဆိုရင်
ဒီကောင်တွေမှာ Recovery Mode မပါတဲ့အတွက် ဒုက္ခရောက်ပါတယ်
အဲ့လိုအနေအထားမှာပဲဖြစ်ဖြစ် Firmware Update လုပ်လိုက်လို့ 
Bootloop ပတ်နေတာပဲဖြစ်ဖြစ်
မည်သည့်အကြောင်းကြောင်းကြောင့်ပဲဖြစ်ဖြစ်
Redmi Note 3 Pro ( Qualcomm ) အလုံးတွေကို
Firmware ရေးဖို့ ဆိုရင် Qualcomm com port mode
ကိုမဖြစ်မနေ ၀င်ပြီးမှ Mi Flashtool နဲ့ 
Firmware ရေးလို့ ရနိုင်မှာပါ အဲ့လိုအနေအထားမှာဆိုရင်
adb သိနေတယ်ဆိုရင် ကိစ္စမရှိပါဘူး
adb command ကနေ " adb reboot edl "
ဆိုတဲ့ command လေးရိုက်လိုက်ရင်တော့
com port mode qualcomm mode ကိုရောက်သွားမှာဖြစ်ပါတယ်
adb မသိတဲ့အနေအထားမှာဆိုရင်တော်တော် ဒုက္ခရောက်ပါတယ်
အဲ့လိုအနေအထားဖြစ်လာရင်တော့
အခုနည်းလမ်းလေးကတော့ အသုံးဝင်မှာပါဗျာ..
အရင်ဆုံးဖုန်းကို အဖုံးဖွင့်ပေးပါ ဒီလိုလေးပေါ့ဗျာ...
အဓိကလုပ်ရမယ်နေရာလေးကတော့ အောက်က usb ခေါင်းလေးနားကိုလုပ်ပေးရမှာပါ
လိုအပ်တာကတော့ ဇာဂနာလေးတခုရှိရင်ရပါပြီ
ပုံမှာပြထားတဲ့အတိုင်း USB ခေါင်းအနောက်နားက
ping လေး နှစ်ခုကိုထောက်ပေးပြီး usb ကြိုးထိုးလိုက်ရင်
ဖုန်းမှာ မီးအနီရောင်လေး မှိတ်တုတ် မှိတ်တုတ်လေး
လင်းလာပြီး com port mode ကိုရောက်သွားပါလိမ့်မယ်...
usb ခေါင်းအနောက်က ping အားလုံးပေါင်းငါးခုရှိပါတယ်
ပုံမှာပြထားတဲ့အတိုင်း ညာဘက်ထိပ်ဆုံးက ping လေးနဲ့ 
တတိယမြောက် ping လေးကို ဇာဂနာလေးနဲ့ ထောက်ပေးပါ ပြီးရင်
ထောက်ထားတဲ့အတိုင်းလေး usb ကြိုးထိုးယုံပါပဲ..
အဲ့လိုလေးလုပ်လို့  Com port mode ကိုရောက်သွားရင်တော့
ကွန်ပြူတာမှာ ဒီလိုမျိုးလေးပြပေးပါလိမ့်မယ်
အဲ့အနေအထားရောက်ပြီဆိုရင်တော့ Firmware ရေးတဲ့လုပ်ငန်းစဉ်
စတင်နိုင်ပါပြီခင်ဗျာ...
Firmware ရေးနည်းကိုတော့ ဒီလင့်မှာ
ဝင်ရောက်ကြည့်နိုင်ပါတယ်ဗျာ.....
အားလုံးအဆင်ပြေကြပါစေဗျာ....
Special Thank To : မောင်ဖြိုး ( Regeneration Training Center )
0 comments Blogger 0 Facebook
Post a Comment
Click to see the code!
To insert emoticon you must added at least one space before the code.