Requirement
ကွန်ပြူ တာ Window System 64-bit ဖြစ်ရပါမယ် Window 32-bit ကိုသုံးမိမယ်ဆိုရင်တော့
Flashing ပြုလုပ်တဲ့အခါမှာ Not enough storage to process this command
ဆိုပြီး Error message ပြတတ်ပါတယ်။
- Mi Flashtool
- ADB & Fastboot Tool
- Stock Fastboot Rom or Fastboot Dev Rom
လိုအပ်တာတွေပြည့်စုံပြီဆိုရင်တော့ လုပ်ငန်းစတင်နိုင်ပါပြီ ။ သို့ မဟုတ် မရှိသေးသူများ
အနေနဲ့ တော့ လိုအပ်တာလေးတွေဒေါင်းလိုက်ပါအုန်းဗျာ...
Download Mi Flashtool
Download adb& Fastboot Tool
Download China Stable Fastboot Rom (V7.1.20.0)
Download China Fastboot Developer Rom (6.3.17)
Download Global Stable Fastboot Rom (V7.1.7.0)
အားလုံးလိုအပ်တာတွေဒေါင်းပြီးရင်တော့ Mi Phone Flashtool ကိုသွင်းပါ
သွင်းလို့ ပြီးပြီဆိုရင် ဖုန်းကို ပုံမှန်အတိုင်း USB Debugging On ပြီးကြိုးထိုးပါ
ADB သိပြီဆိုရင် Command တစ်ကြောင်းရိုက်ပေးရပါမယ်
adb reboot edl
ဆိုတာလေးကိုရိုက်ပေးလိုက်ပါ ။
ဖုန်းဟာ Reboot ကျသွားပြီး Black Screen ဖြစ်သွားပါလိမ့်မယ် ပြီးရင် ဖုန်းရဲ့ 
Noti Signal မီးဟာ အနီရောင်လင်းလိုက် မှိန်လိုက်ဖြစ်နေပါလိမ့်မယ်။
အဲ့အနေအထားကတော့ Qualcomm mode လို့ ခေါ်နိုင်သလို Mi Phone တွေအတွက်
Download Mode လို့ လည်းခေါ်နိုင်ပါတယ် ။အဲ့အနေအထားမှာ Driver မသိခဲ့ဘူးဆိုရင်
ဒီလိုလေးပြနေပါလိမ့်မယ်။
Driver ကိုတော့ C:\Program Files (x86)\Xiaomi\MiPhone\Qualcomm\Driver
Folder ကိုလမ်းကြောင်းရွေးပြီးသွင်းနိုင်ပါတယ် သွင်းပြီးပြီ ဆိုရင်တော့ ဒီလိုလေးထပ်ပြမှာပေါ့ဗျာ...
အဲ့လိုလေးပြပြီဆိုရင်တော့ Firmware Flashing လုပ်ဖို့ အသင့်ဖြစ်နေပါပြီ
ပြီးရင်နောက်ဆုံးလိုအပ်တာအနေနဲ့ ဒါလေးကိုဒေါင်းပေးပါအုန်းဗျာ...
Download Edited File To Replace
ဒေါင်းလို့ ရလာတဲ့ကောင်ကိုဖြည်လိုက်ရင် ဒီနှစ်ခုကျလာပါလိမ့်မယ်
ပြီးရင် ကိုယ်တင်ချင်တဲ့ Firmware ကို ဖြည်ပါ ကျွန်တော်ကတော့ ဥပမာဖြည်ပေးထားပါတယ်
အဲ့လို Folder အလိုက်ထွက်လာပါလိမ့်မယ် အဲ့အထဲက File တွေကို ခုနက edit file to replace ထဲကကောင်တွေနဲ့ အစားထိုးပေးပါ Folder ကိုဖွင့်လိုက်ရင် Flash_all.bat ကိုတွေ့ ပါလိမ့်မယ်
အဲ့နေရာမှာ အစားထိုးမယ့်ကောင်နဲ့ နေရာချင်းလဲပေးပါ ပြီးရင် အထဲမှာ image ဆိုတဲ့ Folder
တစ်ခုထပ်တွေ့ ပါလိမ့်မယ် အဲ့အထဲမှာလည်း rawprogram0.xml ဆိုတာတွေ့ ပါလိမ့်မယ်
နေရာချင်းလဲပေးလိုက်ပါ ။
ပြီးရင် Firmware ရေးဖို့ စတင်ပါတော့မယ်.. Mi Flashtool ကိုဖွင့်ပါ
ပြီးရင် browse ဆိုတဲ့နေရာကနေ ကျွန်တော်တို့ firmware ထားထားတဲ့ Firmwar location ကိုရွေးပေး
ရပါမယ်. ကျွန်တော်ကတော့ အလွယ်တကူမှတ်လို့ ရအောင် mi လို့ ပဲ နာမည်ပေးထားပါတယ်
အဲ့နေရာမှာသတိထားရမှာက ကျွန်တော်တို့ အရင်တုန်းက Mi တွေ Fastboot Firmware တင်ရင်
Firmware Folder ထဲက image folder ကိုရွေးပေးရတာပါ အခုက Firmware folder ကိုပဲရွေးပေးရပါ
မယ်. .. ကျွန်တော်ကတော့ Mi လို့ နာမည်ပေးထားတော့ mi ဆိုတဲ့ Folder ကိုပဲရွေးပေးထားပါတယ်
Folder ကိုရွေးလို့ ပြီးပြီဆိုရင်တော့ အခုလိုပေါ်လာပါလိမ့်မယ်..
အဲ့နေရာမှာ ကျွန်တော်မျှားပြထားသလိုပဲ အနီရောင်နဲ့ ပြထားတဲ့အတိုင်း Flash All ဆိုတာလေးကို အမှန်ခြစ်ပေးရပါမယ် .. ပြီးရင် ကျွန်တော်တို့  Devices ကို ရှာတွေ့ အောင်
အမည်းရောင်နဲ့ ပြထားသလို Refresh ကိုနှိပ်ပေးလိုက်ပါ အခုလို ပေါ်လာပါလိမ့်မယ်...
စတင်ပြီးရေးနိုင်ပါပြီ .. အကယ်လို့ များ Driver သွင်းတာမှာ အခက်အခဲဖြစ်နေသူများ
အတွက် ဒီလင့်လေး ကိုဝင်ရောက်လေ့လာပေးပါဗျာ...
Flash ဆိုတဲ့ခလုတ်လေးကိုနှိပ်လိုက်တာနဲ့ အခုလိုရေးနေပါလိမ့်မယ်
အားလုံးရေးလို့ ပြီးသွားရင်တော့ အခုလိုမျိုးထပ်ပြပေးပါလိမ့်မယ်...
အဲ့လိုပြပြီဆိုရင်တော့ ဖုန်းကို ကြိုးဖြုတ်ပြီး Power ခလုတ်ကို ကြာကြာလေးဖိထားပေးပါ
( Mi Logo မပေါ်မချင်း ) ပြီးရင်တော့ ကျွန်တော်တို့  Redmi Note Pro ( Qualcomm )
Unbrick ကို Firmware Flashing လုပ်ငန်းပြီးဆုံးပါပြီ ...
အားလုံးအဆင်ပြေကြပါစေဗျာ..........
Ref : Miui Forum
Testing By Me :) :)
0 comments Blogger 0 Facebook
Post a Comment